International News

ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဍ တိုးတက်ကြီးထွားလာခြင်း

Last Updated:

ယခုနွေရာသီတွင် သြစတြေးလျ ကောက်ပဲသီးနှံစိုက်တောင်သူများသည် စံချိန်တင် သီးနှံရိတ်သိမ်းနိုင်ခဲ့ရာ စုစုပေါင်းတန်ချိန် ၆၁.၉ သန်းခန့်သို့ ရောက် ရှိခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့အကြီး ဆုံးကောက်ပဲသီးနှံထုတ်လုပ်သည့် ယူကရိန်းနိုင်ငံကျူးကျော်ခံရပြီးနောက်ပိုင်း ခိုင်မာပြီးသားဖြစ်သည့် ကောက် ပဲသီးနှံဈေးနှုန်းများမှာ မြင့်တက်လာခဲ့သည်။

 

သြစတြေးလျအနောက်ပိုင်း Kwinana မှတင်ပို့နေသည့် ကာနိုလာဆီထွက်သီးနှံသည် တစ်တန်လျှင် ဩစတြေးလျဒေါ်လာ ၁၂၀၀ ကျော်ရရှိခဲ့ပြီး၊ လွန်ခဲ့ သည့် တစ်နှစ်အတွင်း ပေါက်ဈေးထက် ၇၂ % မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်ကျွဲ၊ နွားဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။ ဒါဝင်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ တိုက်ရိုက်တင်ပို့လျက်ရှိသည့် နွားထီး (Light Steers) များသည် ၁  ကီလိုဂရမ်လျှင် ဩစတြေးလျဒေါ်လာ ၅.၅၀ တန်ကြေးရှိပြီး၊ တစ်နှစ်ထက်တစ်နှစ် ၁၁၂ % မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် စိုက်ပျိုးမွေးမြူရေး ပြုလုပ်သည့် လယ်ယာမြေဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ Core Logic data က စိစစ်ထား သောအချက်အလက်များအရ သြစတြေးလျလယ်ယာမြေ ၁ ဧကအတွက် ပျမ်းမျှစျေးနှုန်းသည်  ၂၀၂၁ ခုနှစ်တွင် ၁၈.၄ % မြင့်တက်ခဲ့ပြီး၊  ၁ ဧကလျှင် ဩစတြေးလျဒေါ်လာ ၇,၀၆၀ သို့ စံချိန်တင်မြင့်တက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများသည် ASX တွင် စာရင်းဝင် စိုက်ပျိုးမွေးမြူရေးကုမ္ပဏီများတွင် တိုက် ရိုက်ရင်းနှီးမြှုပ်နှံခြင်းသည် ရွေးချယ်စရာတစ်ခုဖြစ်ပြီး၊ သြစတြေးလျ၏ လယ်ယာကဏ္ဍ၏ လက်ရှိအင်အားကို မြှင့်တင်ပေးရာရောက်ကြောင်း သိရှိရ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News